ကမ္ဘာ​ဦး 11:16-25 Common Language Bible (BCL)

16. ဟေ​ဗာ​သည်​အ​သက်​သုံး​ဆယ့်​လေး​နှစ်​ရှိ​သော အ​ခါ ဖာ​လက်​အ​မည်​ရှိ​သော​သား​ကို​ရ​၏။-

17. ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ် ဆက်​၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။

18. ဖာ​လက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ ရာ​ဂေါ​အ​မည်​ရှိ​သား​ကို​ရ​၏။-

19. ထို​နောက်​သူ​သည်​နှစ်​ပေါင်း​နှစ်​ရာ့​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။

20. ရာ​ဂေါ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ စေ​ရောက်​အ​မည်​ရှိ​သား​ကို​ရ​၏။-

21. ထို​နောက်​သူ​သည်​နှစ်​ရာ့​ခု​နစ်​နှစ်​ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။

22. စေ​ရောက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ နာ​ခေါ်​အ​မည်​ရှိ​သား​ကို​ရ​၏။-

23. ထို​နောက်​သူ​သည်​နှစ်​ပေါင်း​နှစ်​ရာ​ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။

24. နာ​ခေါ်​သည်​အ​သက်​နှစ်​ဆယ့်​ကိုး​နှစ်​ရှိ​သော အ​ခါ တေ​ရ​အမည်​ရှိ​သား​ကို​ရ​၏။-

25. ထို​နောက်​သူ​သည်​တစ်​ရာ​တစ်​ဆယ့်​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။

ကမ္ဘာ​ဦး 11