ကမ္ဘာ​ဦး 1:21-25 Common Language Bible (BCL)

21. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ပင်​လယ်​ငါး​သတ္တ ဝါ​ကြီး​များ​အ​စ​ရှိ​သော​ရေ​သတ္တ​ဝါ​အ​မျိုး မျိုး၊ ငှက်​အ​မျိုး​မျိုး​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင် ၍​နှစ်​သက်​တော်​မူ​၏။-

22. ``ရေ​သတ္တ​ဝါ​တို့​သည်​ပင်​လယ်​ထဲ​၌​မြောက်​မြား စွာ​ပေါက်​ပွား​ကြ​စေ၊ ငှက်​တို့​သည်​လည်း​တိုး​ပွား ကြ​စေ'' ဟု​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​၍​ထို သတ္တဝါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​၏။-

23. ည​ဦး​မှ​နံ​နက်​အ​ထိ​ပဉ္စမ​နေ့​ရက်​ဖြစ်​လေ​၏။

24. တစ်​ဖန်​ဘု​ရား​သ​ခင်​က``ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​တိ​ရစ္ဆာန်​အ​ရိုင်း​အ​ကြီး အ​ငယ်​အ​မျိုး​မျိုး​ဖြစ်​ပွား​ကြ​စေ'' ဟု​အ​မိန့် ပေး​သည့်​အ​တိုင်း​ဖြစ်​ပွား​လာ​ကြ​၏။-

25. ဘု​ရား​သ​ခင်​သည်​တိရစ္ဆာန်​အ​မျိုး​မျိုး​တို့​ကို ထို​ကဲ့​သို့​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင် သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။

ကမ္ဘာ​ဦး 1