16. သို့ဖြစ်၍နေ့ကိုကြီးစိုးရန်နေဗိမာန်နှင့်ည ကိုကြီးစိုးရန် လဗိမာန်နှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။-
17. ဘုရားသခင်သည်မြေကြီးပေါ်မှာအလင်းရ စေရန်နှင့်၊-
18. နေ့နှင့်ညကိုကြီးစိုး၍အလင်းနှင့်အမှောင်ကို ခွဲခြားစေရန် မိုးကောင်းကင်တွင်အလင်းဗိမာန် များကိုတည်ရှိစေတော်မူ၏။ ဘုရားသခင် သည်ထိုအမှုအရာကိုရှုမြင်၍နှစ်သက် တော်မူ၏။-
19. ညဦးမှနံနက်အထိစတုတ္ထနေ့ရက်ဖြစ်လေ၏။
20. တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။-
21. သို့ဖြစ်၍ဘုရားသခင်သည်ပင်လယ်ငါးသတ္တ ဝါကြီးများအစရှိသောရေသတ္တဝါအမျိုး မျိုး၊ ငှက်အမျိုးမျိုးတို့ကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုအမှုအရာကိုရှုမြင် ၍နှစ်သက်တော်မူ၏။-
22. ``ရေသတ္တဝါတို့သည်ပင်လယ်ထဲ၌မြောက်မြား စွာပေါက်ပွားကြစေ၊ ငှက်တို့သည်လည်းတိုးပွား ကြစေ'' ဟုဘုရားသခင်အမိန့်ပေး၍ထို သတ္တဝါတို့အား ကောင်းချီးပေးတော်မူ၏။-
23. ညဦးမှနံနက်အထိပဉ္စမနေ့ရက်ဖြစ်လေ၏။
24. တစ်ဖန်ဘုရားသခင်က``ကမ္ဘာမြေကြီးပေါ် တွင် တိရစ္ဆာန်အယဉ်နှင့်တိရစ္ဆာန်အရိုင်းအကြီး အငယ်အမျိုးမျိုးဖြစ်ပွားကြစေ'' ဟုအမိန့် ပေးသည့်အတိုင်းဖြစ်ပွားလာကြ၏။-
25. ဘုရားသခင်သည်တိရစ္ဆာန်အမျိုးမျိုးတို့ကို ထိုကဲ့သို့ဖန်ဆင်းတော်မူ၏။ ဘုရားသခင် သည် ထိုအမှုအရာကိုရှုမြင်၍နှစ်သက် တော်မူ၏။